Friday, March 3, 2017

ခံစားချက်နှင့်ဆင်ခြင်တုံတရား

ကမ္ဘာကြီးတစ်ခုလုံးကိုကြည့်ရင်
မငြိမ်းချမ်းမှုတွေ စစ်ပွဲတွေ
လူမျိုးရေး ဘာသာရေးပဋိပက္ခတွေ
ဆင်ရဲမွဲတေမှုတွေ ငတ်မွတ်ခေါင်းပါခြင်းတွေ
သဘာဝပတ်ဝန်းကြင်
ထိခိုက်ပျက်စီမှုတွေ
ဒါတွေအားလုံးကို
လူသားတွေပဲဖန်တီးကြတယ်မဟုတ်လား?

ဒီတော့
ငြိမ်းချမ်းခြင်း
တရားမျှတခြင်းတွေ
သာယာဝပြောခြင်းတွေကို
လူသားတွေပဲ
ပြန်လည်ပြုပြင်ယူကြရမှာပါ……

ကမ္ဘာကြီးကပေးအပ်ထားတဲ့
တန်ဖိုးကြီးမားတဲ့
သဘာဝလက်ဆောင်မွန်ကို
အလွဲသုံးစားပြုခြင်းမှ
ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ……

                         NaylinnThura

Thursday, March 2, 2017

နံ့သာဖြူ စိုက်ပျိုးနည်း(Cultivation of Santalum)

နံ့သာဖြူ စိုက်ပျိုးနည်း(Cultivation of Santalum)
နံ့သာဖြူ စိုက်ပျိုးနည်း(Cultivation of Santalum)

နံ့သာဖြူကို မြန်မာပြည်အရပ်ရပ်တွင် စိုက်ပျိုးနိုင်ပါသည်။ သို့ရာတွင် ရာသီဥတု အနည်းငယ်အေး၍ မိုးရေချိန် အသင့်အတင့်ရရှိပြီး နေရောင်းစွာ ရ၍ ခြောက်သွေ့သော ရာသီဥတု ကြာရှည်ရရှိသော ဒေသများ တွင် ပိုမိုဖြစ်ထွန်းပါသည်။
ပျိုးထောင်စိုက်ပျိုးရန် ပလပ်စတစ်အိပ်အရွယ် ၄”x၆” ၊ ၅”x၆” ၊ ၅”x၇” ကို အသုံးပြု၍ ပျိုးထောင်နိုင်သည်။ ပျိုးအိတ်တွင် နုံးမြေ(၂)ဆ၊ နွားချေးဆွေး(၁)ဆ၊ သဲ(၁)ဆ ရောစပ်၍ အသုံးပြုရမည်။ မျိုးစေ့ (၂)စေ့နှုန်း ထည့်ရမည်။ နေ့စဉ်ရေမှန်မှန်လောင်းပေးရမည်။ ရေမများလွန်းရန် သတိပြုရမည်။
(၄)ပတ်မှ (၈)ပတ်ကြာမှ အစေ့အပင်ပေါက်မည်။ နှစ်ချင်းမစိုက်နိုင်ပါက ပျိုးအိတ်(၈”x၁၀”)ဖြင့် ပြောင်းပေးရမည်။
စိုက်ခင်းတွင် ကျင်းအနက် ၁ပေ ပတ်လည်တူးရမည်။ ကျင်းထဲသို့ မြေ(၁)ဆ၊ နွားချေး(၁)ဆ ၊ သဲ(၁)ဆ နှုန်းရောစပ်ထည့်ပြီး ရေနှပ်ပြီးမှ စိုက်ပျိုးရမည်။ ပင်ကြားxတန်းကြား (၉ ပေx ၄ပေ) တစ်ဧက အပင် ၁၂၀၀ ၀င်ဆံ့အောင် စိုက်ပျိုးနိုင်ပါသည်။
ခြံစည်းရိုးများတွင် ပင်ကြား ၄ ပေခွာ၍ နေရာရသလောက် စိုက်ပျိုးနိုင်သည်။
စိုက်ချိန် မှာ ဇွန်လ မှ အောက်တိုဘာလအတွင်း စိုက်ပျိုးရပါမည်။
မိုးရေချိန်လက်မ(၄၀ မှ ၁၀၀)အတွင်း အကောင်းဆုံးဖြစ်ထွန်းသည်။
အပင်သက်တမ်း(၈)နှစ် မှ စတင်ခုတ်ယူနိုင်ပါသည်။
နံ့သားဖြူပင်သည် ကပ်ပါးပင်အမျိုးအစားဖြစ်၍ အခြားအပင်များနှင့် တွဲစိုက်ရပါသည်။ တွဲစိုက်နိုင်သော အပင်များမှာ - ရှား၊ ထနောင်း၊ မလေးရှားစကား၊ ဆူးဖြူ၊ မယ်ဇလီ၊ ကုက္ကို၊ ဘောဇကိုင်း၊ ပြည်ပန်းညို၊ ၀ါး၊ ကသစ်၊ ၀ါ၊ ပေါက်ပန်းဖြူ၊ ပေါက်ပန်းနီ၊ ချဉ်ပေါင်၊ ငရုတ် စသည့် အပင်မျိုးပေါင်း (၃၆၀)ကျော်ဖြင့် တွဲစိုက်နိုင်ပါသည်။
ရရှိနိုင်မည့် ၀င်ငွေ
(၈)နှစ်သား=၃၀၀၀၀၀ ကျပ်
(၉)နှစ်သား=၅၀၀၀၀၀ ကျပ်
(၁၀)နှစ်သား=၇၀၀၀၀၀ ကျပ်
(၁၁)နှစ်သား=၁၁၀၀၀၀၀ ကျပ်
(၁၆)နှစ်သား=၃၀၀၀၀၀၀ ကျပ်
သတိပြုရန်
မှိုရောဂါကျရောက်မှုကို လုံးဝမခံနိုင်ပါ

" Selaginella သို့မဟုတ် သေခြင်းကို အံတုသော ဆေးဖက်ဝင် အပင်ငယ် "

" Selaginella သို့မဟုတ် သေခြင်းကို အံတုသော ဆေးဖက်ဝင် အပင်ငယ် "

 
၁၉၅၉ခုနှစ်က ဂျပန်ဇီဝဗေဒပညာရှင်တစ်ဦးဟာ အလွန်တရာမှ ဆန်းကြယ်တဲ့အဖြစ်တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဲဒီအဖြစ်က လွန်ခဲ့တဲ့နှစ်ပေါင်း၂၁နှစ်ခန့်က သေဆုံးခဲ့တဲ့အပင်တစ်ပင်ရဲ့ရုပ်ကြွင်းဟာ ပြန်လည်ရှင်သန်လာခဲ့တာဖြစ်တယ်။အဲဒီအပင်က Selaginella ပင်ပဲဖြစ်ပါတယ်။
...
Selaginellaကို “အကြိမ်ကြိမ်သေလည်း ပြန်ရှင်သန်နိုင်တဲ့မြက်”လို့ တင်စားကြပါတယ်။ အသက်ရှည်တဲ့မြက်၊ မသေတဲ့မြက်၊ မိုးခေါင်ဒဏ်ကိုခံနိုင်တဲ့မြက်လို့လည်း ဆိုကြတယ်။ ရှင်သန်တဲ့ပတ်ဝန်းကျင်ကို မနှစ်သက်တဲ့အခါ Selaginellaဟာ အကြိမ်ကြိမ်ရွေ့လျားတတ်ပါတယ်။ မိုးခေါင်ရေရှားရာသီမှာဆိုရင် သူဟာ သူ့အမြစ်ကိုသူနုတ်ပြီး ဘောလုံးသဏ္ဍာန်ကျုံ့လိုက်တတ်ပါတယ်။ အဲဒီနောက် လေတိုက်ရာနောက် လှိမ့်ပါတော့တယ်။ စွတ်စိုတဲ့မြေနေရာရောက်တဲ့အခါ အမြစ်တွယ်ပြီး တစ်ဖန်ပြန်ရှင်သန်ပေါက်ရောက်တော့တယ်။ ပတ်ဝန်းကျင်အသစ်ကို
မနှစ်သက်တဲ့အခါမှာလည်း အဲဒီလိုပဲ လေတိုက်ရာရွေ့လျားလှိမ့်ပါတတ်ပါတယ်။

 
Selaginellaဆိုတဲ့အပင်ဟာ အပင်လောကမှာ ရွေ့လျားပြောင်းလဲတတ်တဲ့ လွတ်ငြိမ်းအေးဆေးတဲ့အပင်လို့ ဆိုရပါမယ်။ အန္တရာယ်ကိုရှောင်ရှားပြီး အကျိုးအမြတ်ကိုရှာဖွေတတ်တာဟာ သက်ရှိသတ္တဝါတို့ရဲ့ပင်ကိုဗီဇဖြစ်ပါတယ်။ ပတ်ဝန်းကျင်တစ်ခုက ကိုယ်နဲ့မသင့်လျော်တဲ့အခါ၊ အဲဒီပတ်ဝန်းကျင်ကိုပြောင်းလဲဖို့လည်း ကိုယ်မတတ်နိုင်တဲ့အခါ အဲဒီပတ်ဝန်းကျင်ကိုခွာလိုက်တာဟာ ကိုယ့်အတွက်အကောင်းဆုံးရွေးချယ်ခြင်း ဖြစ်ကောင်းဖြစ်ပါတယ်။ ပတ်ဝန်းကျင်ပြုသမျှနုမနေဘဲ ကိုယ်တိုင်လက်ဦးမှုယူပြီး ပြောင်းလဲတာက ပိုကောင်းပါတယ်။ ဒီလိုပြောင်းလဲခြင်းက အခွင့်အရေးသစ်၊ မျှော်လင့်ချက်အသစ်တွေ ရရှိနိုင်ပါတယ်။

အပင်လောမှာ ထက်မြက်တဲ့ Selaginellaရဲ့ ထူးဆန်းတဲ့လုပ်ဆောင်ချက်က လူတွေကို အံ့သြသက်ဝင်စေခဲ့ပါတယ်။ Selaginellaရဲ့အရွက်တွေဟာ အတွင်းပိုင်းကိုလိတ်ဝင်ပါတယ် (အတွင်းပိုင်းပြည့်ဝတဲ့သဘော)။ သေရာက ပြန်ရှင်သန်တယ်။ ကံကြမ္မာဘယ်လောက်ဆိုးလဲ၊ အခက်အခဲတွေကို သည်းခံတောင့်ခံနိုင်ပါတယ်။ ဆိုးရွားတဲ့အခြေအနေမှာ စောင့်ဆိုင်းတယ်၊ မျှော်လင့်ချက်မဲ့တဲ့အခြေအနေမှာ တောင့်ခံတယ်၊ မျှော်လင့်ချက်ကို ဘယ်တော့မှ လက်မလွှတ်ဘူး။ ကိုယ့်ဘဝအတွက် စိုစွတ်အေးမြတဲ့နေရာ တစ်နေရာရှိတယ်ဆိုတာကို ယုံကြည်ထားတယ်။ အန္တရာယ်ကိုရှောင်ရှားပြီး အကျိုးအမြတ်အတွက် အလိုက်သင့်ပြောင်းလဲတယ်။ ပတ်ဝန်းကျင်ကိုမပြောင်းလဲနိုင်ရင် ကိုယ့်ကိုယ်ကိုပြောင်းလဲတယ် ဒါမှမဟုတ် အဲဒီပတ်ဝန်းကျင်ကိုခွာတဲ့ ဉာဏ်ပညာရှိတဲ့လုပ်ရပ်ကို လုပ်ဆောင်တတ်တဲ့ အပင်ဖြစ်ပါတယ်။
 
“သည်းခံ၊ တောင့်ခံခြင်းက နာကျင်မှုတစ်မျိုးဖြစ်တယ်ဆိုပေမယ့် သင့်အတွက် ကောင်းမွန်တဲ့အရာတွေ တဖြည်းဖြည်းသယ်ဆောင်ပေးလာနိုင်ပါတယ်” လို့ ရှေးရောမကဗျာဆရာ Ovidက ပြောခဲ့ပါတယ်။

မူရင်းလင့် -- http://www.85nian.net/zuowensucai/17702.html

နိုင်းနိုင်းစနေ (March. 26. 2015)

*** Selaginella အပင်ကို ကျွန်မတို့ပတ်ဝန်းကျင်မှာ အများအပြားရှိတယ်လို့ ကျွန်မထင်ပါတယ်။ ဒီလိုမြေမှာကပ်ပေါက်တဲ့အပင်မျိုးကို ကျွန်မတွေ့ဖူးသလိုလိုရှိလှတယ်။ မြန်မာလိုတော့ ဘယ်လိုခေါ်သလဲ မပြောတတ်ဘူး။ ကျွန်မမှာလည်း အဘိဓာန်စာအုပ် စုံစုံလင်လင်မရှိဘူး။ အင်တာနက်ပေါ် လိုက်ရှာဖတ်ကြည့်တော့ Selaginella အမျိုးအစား ၇ဝဝကျော်ရှိတယ်လို့ သိရပါတယ်။ အရွက်တွေက ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ပါ။ ဝီကီမှာ Selaginellaလို့ ရှာကြည့်ရင် တွေ့နိုင်ပါတယ်။ တရုတ်တွေကတော့ ဆေးအဖြစ် အသုံးပြုတယ်လို့ သိရပါတယ်။ သွေးတိတ်စေတယ်၊ မစင်သွေးပါ၊ ဆီးသွေးပါ၊ နှာခေါင်းသွေးထွက်တွေအတွက် သုံးတယ်လို့ ဖတ်ရပါတယ်။

Credit : http://mr7cho.blogspot.co.uk/2015/03/selaginella.html#more

ကြယ်ပဲပင်

***ဆေးဖက်ဝင် ကြယ်ပဲလက်ဖက်ခြောက်***

ကျန်းမာရေးနှင့်ညီညွတ်ပြီး သွေးတိုး ဆီးချို ရောဂါများကို သက်သာစေသည့်ဆေးဖက်ဝင် ကြယ်ပဲလက်ဖက်ခြောက် ပြုလုပ်နည်းကို ဒီနေ့ လက်တွေ့လေ့လာဖြစ်ခဲ့တယ်။

အလုပ်ရုံတစ်ခုလုံး ကြယ်ပဲလက်ဖက်ခြောက်မွှေးရနံ့လေး သင်းပျံ့လျက် သောက်ချင်စိတ်က တဖွားဖွားပေါ်လာမိရော။

အရင်ကသောက်ခဲ့ဖူးပါတယ်၊ ဒီနေ့က ပိုမွှေးနေသလားလို့၊တစ်ခွက်လောက်သောက်ကြည့်လိုက်တော့ အရသာကပဲရနံ့လေးသင်းပျံ့လို့ မမေးပဲမနေနိုင်။

"ဘာလို့အရသာပိုကောင်းလာတာလဲ ဆရာ"
 
"အရသာပိုကောင်းတာပေါ့ဗျာ နည်းစနစ်ကျကျ၊
လက်ဖက်ခြောက်ပြုလုပ်နည်းကျွမ်းကျင်သူ ပညာရှင်တွေနဲ့
သန့်ရှင်းသပ်ရပ်အောင် ပြုလုပ်ထားလို့ပေါ့"

"ဘယ်လိုသောက်ရတာလဲ၊ဘယ်လိုအကျိုးကျေးဇူးတွေရလဲ"
 
"သာမာန်လက်ဖက်ခြောက်လိုပဲ ရေနွေးကြမ်းထဲထည့်သောက်ရတာ"
ပုံမှန်သောက်ရင် တစ်လအတွင်း တကယ်သိသိသာသာဗိုက်ချပ်ပြီး
အဆီကျတယ်၊ဆီးချိုကျတယ်၊ သွေးတိုးကျတယ်၊ နှလုံးအဆီဖုံးတာပါ ပျောက်တယ်။

လရိပ်လေး (မောင်းမကန်)
01.08.2016
http://layeiklay.blogspot.com

ဆင်နှာမောင်းပင်

ဆးဖက်ဝင် ဆင်နှာမောင်း
ဆေးဖက်ဝင် ဆင်နှာမောင်း

ဒီအပင်ကိုသိသူများမယ်ထင်ပါတယ်နေရာတော်တော်များများအလေ့ကျပေါက်ပါတယ်။

ဆီးအောင့်ဆီးနဲဆီးကျောက်တည်သူများသုးံခွက်ကျိုတခွက်ကျန်...၃ခွက်၁ခွက်ပေါ့ကျိုပီးသောက်ရင်၎င်းဖြစ်နေတဲ့ရောဂါတွေသက်သာ
ပျောက်ကင်းပါတယ်...

မာလကာပင်

ဆေးဖက်ဝင် မာလကာရွက်

နေအိမ်အများစုမှာ မာလ ကာပင်တွေ စိုက်ပျိုးထား လေ့ရှိပြီး အသီးကိုသာ အဓိက ထားစားသုံး လေ့ရှိကြပါ တယ်။ သို့သော်လည်း အများစု သတိမမူမိတဲ့ အချက်က တော့ မာလကာရွက်ရဲ့ အံ့ဖွယ် ဆေးဖက်ဝင် အစွမ်းသတ္တိတွေပဲ ဖြစ်ပါတယ်။

မာလကာရွက်ဟာ သဘာဝ ဆေးဝါးတစ်မျိုးဖြစ်ပြီး ဓာတ်တိုး ဆန့်ကျင်ဂုဏ်သတ္တိ၊ ရောဂါပိုး မွှားတွေ ကူးစက်တာကို ကာကွယ် နိုင်တဲ့ အစွမ်းသတ္တိ၊ ရောင်ရမ်း တာတွေ၊ နာကျင်တာတွေကို ပျောက်ကင်းစေတဲ့ ဂုဏ်သတ္တိ တွေပါဝင်ပါတယ်။ ယနေ့ခေတ် မှာဆိုရင် မာလကာရွက်ကနေ ဆေးဝါးတို့၊ မာလကာရွက်လက် ဖက်ခြောက်တို့ပါ ထုတ်လုပ်သုံးစွဲ လာကြပြီဖြစ်ပါတယ်။

ကိုယ်အလေးချိန်လျှော့ချ ချင်ရင်လည်း မာလကာရွက်က ထောက်ကူပေးနိုင်ပြီး သွေးတွင်း သကြားဓာတ်ပမာဏကို လျှော့ချ ပေးနိုင်တာကြောင့် ဆီးချိုရောဂါ အတွက်ပါ ကောင်းကျိုးပြုပါ တယ်။ မာလကာရွက်လက်ဖက် ခြောက်ကို သုံးလလောက် သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ကိုအ ကျိုးမပြုတဲ့ ကိုလက်စထရောတွေ ကိုဖယ်ရှားပေးနိုင်တယ် လို့ဆိုပါ တယ်။

ဝမ်းပျက်ဝမ်းလျှောနဲ့ ဝမ်း ကိုက်တာတွေဖြစ်ပြီဆိုရင်လည်း မာလကာရွက်က ဆေးဖက်ဝင် ပြန်ပါတယ်။ နောက်ပြီး အစာအ ဆိပ်သင့်တာတွေ၊ အော့အန်တာတွေနဲ့ အစာမကြေဖြစ်တာတွေကို လည်း သက်သာပျောက်ကင်းစေ ပါတယ်။ ဒါ့အပြင် ပန်းနာရင်ကျပ် ရောဂါအတွက်ဆိုရင်လည်း မာ လကာရွက်နဲ့ ကုသနိုင်ပါသေး တယ်။

သွားကိုက်တာ၊ လည်ချောင်းနာတာနဲ့ သွားဖုံးရောဂါတွေဆိုရင် လည်း မာလကာရွက်လတ်လတ် ဆတ်ဆတ်ကို ချေပြီး အရည်ညှစ် ပလုတ်ကျင်းပေးရင် ပျောက်ကင်း နိုင်ပါတယ်။ ဒါကြောင့်မို့ မာလကာရွက်ကို သွားတိုက်ဆေး ထုတ် လုပ်ရာမှာထည့်သွင်းကြပါတယ်။ ခံတွင်းနံ့သင်းဖို့အတွက်သာမက ခံတွင်းကျန်းမာရေးအတွက် မာ လကာရွက် ကို ကြိတ်ခြေအနှစ်ပြု လုပ်ပြီး အိမ်မှာသဘာဝဆေးဝါး အဖြစ်သုံးနိုင်ပါတယ်။

မာလကာရွက်ကို သွေးလွန် တုပ်ကွေးရောဂါနဲ့ ပရော့စတိတ် ကင်ဆာရောဂါကုသဖို့လည်း အ သုံးပြုပါတယ်။ ဓာတ်မတည့်လို့ ယားယံတာ၊ အဖုအပိမ့်ထွက်တာ တွေဖြစ်ရင်လည်း မာလကာရွက် နဲ့ပွတ်ပေးရင် သက်သာပျောက် ကင်းနိုင်သလို ထိခိုက်ရှနာဖြစ်ရင် လည်း မာလကာရွက်ကိုကြိတ်ခြေ ပြီးအုံပေးရင်ပျောက် ကင်းနိုင်ပါ တယ်။

အရေပြားအရောင်မမှန်တာ တွေ၊ ဝက်ခြံ၊ ဆားဝက်ခြံတွေကို လည်း မာလကာရွက်အနှစ်နဲ့ သုတ်လိမ်းပြီး ပျောက်ကင်းအောင်ပြုလုပ်နိုင်သလို မာလကာရွက်အနှစ်နဲ့ ပေါင်းတင်ပေးရင်လည်း အရေပြားတွန့်တာတွေပျောက် ကင်းပြီး တင်းရင်းလှပစေပါ တယ်။ ဒါတင်မကသေးဘဲ မာလ ကာရွက်လက်တစ်ဆုပ်စာကို ရေ တစ်လီတာ လောက်နဲ့ မိနစ် ၂၀ လောက်ပြုတ်ပြီး အေးသွားတဲ့ အခါ မာလကာရွက်ပြုတ်ရည်နဲ့ ဦးရေပြားကိုသုတ်လိမ်းပြီး နှိပ် နယ်ပေးရင် ဆံပင်ကျွတ်တာတွေ ပျောက်ကင်းပြီး သန်စွမ်းစေပါ တယ်။ 

Ref: stylecraze 
7Day Daily

ပိတ်သင်းကပ်ပင်

ဆေးဖက်ဝင် ပိတ်သင်းကပ်

ဆေးဖက်ဝင် ပိတ်သင်းကပ် Botanical name Senna auriculata (L.) Roxb. Fl. Ind.ed.2,2:349.1832 Family Caesalpiniaceae ..English name Tanner' tea. Matara tea , Tanner's Cassia ..Flowering and fruiting February to June. မိတ်ဆွေတဦးရဲ့ အမျိုးသမီးမှာ သွေးနဲ့ဆိုင်တဲ့ရောဂါတခုအတွက် ပိတ်သင်းကပ်ပင်ရှာဖို့ ကျနော့်ကို အကူညီတောင်းလာပါတယ် တကယ်တော့ ချင်းပြည်ဖက်မှာ ဒီအပင်မပေါက်ပါဘူး ဒီအပင်က မန်းလေး မကွေး ပခုကူ မုံရွာ ပုဂံ စစ်ကိုင်းဖက်တွေမှာ အလေ့ကျပေါက်ပါတယ် အဲဒီဖက်ကိုရှာပါလို့ညွှန်းရပါတယ် အပင်ကိုတတ်သိနိုင်တဲ့ လခဏာများကိုလည်းပြောပြ လိုက်ပါတယ် ဒီအပင်က လူတရပ်ကျော်ကျော်မြင့်တဲ့ခြုံပင်ကြီးတွေပါ ပင်စည်တွေက yellowish green ဖြစ်ပြီး အရွက်တွေက တဆင့်ငှက်မွှေးရွက်ပေါင်း unipinnate compound တွေပါ ထူးခြားတာက ကြီးမားလှတဲ့stipules ရွက်စွယ်တွေပါ auriculate ပုံစံဖြစ်နေပြီး ပင်စည်ကို ခွလျက်တည်နေပါတယ် ဒါ့ကြောင့်လည်း သိပံအမည်ကို auriculata လို့ပေးခြင်းဖြစ်ပါတယ် stipules ပုံစံတွေက reniform ကျောက်ကပ်ပုံစံဖြစ်နေပုံကလည်း ထူးခြားလှပါတယ် leaflets ရွက်မွှာလေးတွေက ၁၂ စုံလောက်ရှိပြီးမာကြောလှပါတယ် အပွင့်ကကြီးမားပြီးပုံမှာအတိုင်း တောက်ပလွှန်းတဲ့ အဝါရောင်ပါ stamens 10 ခုပါပြီး ၇ ခုသာ fertile ဖြစ်ပါတယ် anthers ဝတ်မှုံအိပ်တွေ ရင့်မဲ့လို့ကွဲရင် apical pore dehiscence ထိပ်ပေါက်နဲအက်ကွဲကြတယ် အသီးတောင့်တွေကပြားပြီး ရင့်မဲ့ရင် အညိုရင့်ရောင်ပြောင်းပြီး အက်ကွဲကြတယ် အစေ့ ၇ စေ့လောက်သာအများဆုံးပါတတ်ကြတယ် ဒီအပင်ကို အရင် က Cassia auriculata L.,Sp.Pl.379.1753 ဆိုပြီး Kress et al 2003 က Checklist of Myanmar ထဲမှာပေးခဲ့ဖူးသလို အရှင်နာဂသိန်ဆေးကျမ်းမှာလည်း C. auriculata နဲ့ဘဲဖေါ်ပြထားပါတယ် အခုနောက်ပိုင်းမှာတော့ ကွဲပြားလှတဲ့ characters တွေကြောင့် Genus name ကို Cassia မှ Senna အဖြစ် ပြောင်းလွဲ သတ်မှတ်ခဲ့ပြီဖြစ်ပါတယ် တကယ်တော့ Duke 1980 တင်ပြချက်အရ ပိတ်သင်းကပ်အပင်တွေဟာ India, Ceylon နဲ့ မြန်မာနိုင်ငံရဲ့ native plants တွေလို့မှတ်သားရပါတယ် ဆေးဖက်ဝင်လှတဲ့ ပိတ်သင်းကပ်အပင်လေးတွေကိုအမည်သာကြားဖူးပြီး အပင်ကိုမရင်းနှီးတဲ့ သူတွေအတွက် taxonomic knowledge ဝေငှပေးတဲ့သဘောပါ kothetnaing Kalay Uni 201

နတ်ဆေးဂမုန်း

 မြန်မာနိုင်ငံတွင် သဘာဝအလျောက် ရှိနေသော သစ်တောကြီးများထဲတွင် ဆေးဖက်ဝင်အပင်များ များစွာ ပေါက်ရောက် လျက် ရှိသည်။ တချို့ အပင်များမှာ အစာလည်းဆေး၊ ဆေးလည်းအစာ စသည့် ဆေးဖက်ဝင် အပင်များ ရှိသကဲ့သို့ ဆေးနည်း အတိုင်း ဖော်စပ်၍ အသုံးပြုရသော အပင်များစွာလည်း ရှိသည်။ ချင်းပြည်နယ်တွင် ဆေးဖက်ဝင် အပင် များစွာ ရှိသည့်အနက် နတ်ဆေး ဂမုန်းပင်သည် ချင်းတိုင်းရင်းသား တို့၏ တိုင်းရင်းဆေး အဖြစ် လွန်စွာ အသုံးဝင်သည့် အတွက် ထင်ရှားလှသည်။ ၎င်း ဂမုန်းပင်သည် အပင်ပုမျိုး ဖြစ်ပြီး အရွက်မှာ ဝိုင်းဝန်းသော ပုံသဏ္ဌာန်ရှိကာ အေးမြသော ရာသီဥတုနှင့် ချမ်းအေးသော ဒေသများတွင် သဘာဝ အလျောက် ကျောက်ဆောင်၊ ကျောက်ကြားများတွင် ပေါက်ရောက်တတ်သည်။ မင်းတပ်မြို့နယ်တွင် မင်းတပ်- မတူပီသွား ကားလမ်း မိုင်တိုင် (၄၅) နှင့် (၅၆) ကြားတွင် အများဆုံး ပေါက်ရောက်လျက် ရှိကြောင်း သိရသည်။ ယခုအခါ ဒေသခံများ အနေဖြင့် မိမိအိမ်ခြံဝင်း အတွင်း၌လည်း စိုက်ပျိုးလျက် ရှိကြသည်။

 ပျောက်ကင်းနိုင်သော ရောဂါများမှာ သွေးတိုး၊ လေဖြတ်၊ နာတာရှည် လေးဖက်နာ၊ နှလုံးနှင့် ပတ်သက်သည့် ရောဂါများ၊ အမျိုးသမီးနှင့် ပတ်သက်သည့် ရောဂါများ၊ သွေးနှင့် ပတ်သက်သည့် ရောဂါများ အဓိက ပျောက်ကင်းပြီး အမော မခံနိုင်ခြင်း၊ ကိုယ်လက် ထိုင်းမှိုင်းခြင်းလည်း ပျောက်ကင်းသက်သာသည်။ နတ်ဆေး ဂမုန်း အမှုန့် ငါးကျပ်သား၊ ထောပတ် ၁ဝ ကျပ်သားနှင့် ပျားရည် ၃ဝ ကျပ်သားအား သမအောင် မွှေ၍ ဖန်ပုလင်း သန့်သန့်တွင် ထည့်ကာ တစ်ပတ်ခန့် နေပူလှန်းပြီး လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့် သုံးစွဲပါက အဆိုပါ ရောဂါများ ပျောက် ကင်းကြောင်းနှင့် အရွက်ကို ပါးပါးလှီး၍ သုပ်စားပါကလည်း ဆေးဖက်ဝင် ဟင်းတစ်ခွက် ဖြစ်ကြောင်း သိရသည်။

ကန့်ချူပ်ဖြူပင်

ကန့်ချုပ်ဖြူပင်သည် ကန့်ချုပ်ဖြူ၊ ကန့်ချုပ်နီ၊ ကန့်ချုပ်ပြာ၊ ကန့်ချုပ် နက် ဟုပြောစမှတ်တွင်သည့် ကန့်ချုပ် အုပ်စုတွင်
ပါဝင်လေ၏ ။

၎င်းအပင်ကို ပါဠိအမည်ဖြင့်စိတ္တကဟု လည်းကောင်း၊ သက္ကတဘာသာဖြင့် စိတြက(Chitraka) ဟု
လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့် Ceylon Lead-word; White Flowered Lead-wort ဟု
လည်းကောင်း ခေါ်ဆို ကြလေ၏ ။

ကန့်ချုပ်ဖြူပင်၏ ရုက္ခဗေဒအမည်မှာမူ Plumbago Zeylanica Linn ဖြစ်လေ၏ ။

၎င်းသည် Plumbaginaceae မျိုးရင်းတွင် ပါဝင်ကြောင်း တွေ့ရလေ၏။ ကန့် ချုပ်ဖြူပင်သည် နှစ်ကြာခံသစ် ပျော့ပင်ဖြစ်၍ ၂ ပေမှ ၄ ပေအထိ မြင့်လေ့ရှိ၏။ အစင်းကြောင်း ကလေး များပါရှိ၏ ။ အမွေးမဲ့ကာ အရွက်ပါး၍ ရွက်လွှဲထွက်တတ်လေ၏။ အဖျား ချွန်ဘဲဥပုံဖြစ်၏။ ၂ လက်မမှ ၃ လက်မရှည်၍ အနားညီ၏။ ရွက်ညှာ သည် အောက်ခြေတွင် ပင်စည်ကို ကုပ်ထားကာ တိုတောင်း၏ ။ အပွင့်မှာ မူ ပွင့်ဖတ်လက်မ ဝက်ခန့်ရှည်၍ သေး သွယ်သောပြွန်ပုံရှိ၏ ။ ပွင့်ချပ်အဖြူ ရောင်ရှိ၍ သေးသွယ်ပြီး ပွင့်ချပ်အုံပြွန် မှာ ၁ လက်မခန့်ရှည်၏ ။ အဝိုက်များ အရင်းချွန်ဝမ်းဘဲဥပုံ သို့မဟုတ် ငှက် တောင်ပုံဖြစ်၍ ထိပ်ချွန်၏ ။

ကန့်ချုပ်ဖြူပင်သည် မြန်မာနိုင်ငံ အနှံအပြားတွင် ပေါက်ရောက်တတ် လေ၏။ အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန် နိုင်ငံ၊ မလေးကျွန်းဆွယ်၊ သီရိလင်္ကာ နိုင်ငံ၊ အာဖရိကနှင့် အာရှတိုက်အပူ ပိုင်းဒေသများတွင် ပေါက်ရောက်ကြောင်းသိရှိရလေ၏။

ပေါက်ရောက် ရာတွင် အလေ့ ကျပေါက်ရောက်သော အပင်အဖြစ်လည်းကောင်း၊ ဥယျာဉ် ခြံတွင် စိုက်ပျိုးပင်အဖြစ်လည်းကောင်း တွေ့ရှိရ၏။

အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံ တို့တွင်မူ ဆေးဝါးအဖြစ် ဖော်စပ် အသုံးပြုရန်အတွက် များစွာစိုက်ပျိုးကြ ကြောင်း တွေ့ရှိရလေ၏။

ကန့်ချုပ် ဖြူပင်သည် များစွာ ဆေးဖက်ဝင်လေ ရကား မြန်မာနိုင်ငံတွင် ပဉ္စငါးပါး (တစ်ပင်လုံး) အသုံးပြုကြ၏။

အချို့ နိုင်ငံများတွင်မူ အမြစ်၊ အရွက်နှင့် ပင်စည်ကို အသုံးပြုကြကြောင်း သိ ရ၏။

ကန့်ချုပ်ဖြူပင်နှင့် စပ်လျဉ်း၍ ဆေးဖက်အာနိသင်နှင့် အသုံးဝင်ပုံတို့ ကို ဆက်လက်ဖော်ပြလိုပေ၏။

ဆေးအာနိသင် ကန့်ချုပ်ဖြူအရွက်သည် ချို သောအရသာရှိ၏။ စဉ်းငယ်ပူ၏။ လေ၊ သလိပ်ကို ကြေစေတတ်၏။ နှုတ်ကို မြိန်စေ၏။ အစာကိုကြေစေ၏။ ကန့်ချုပ်ဖြူအရွက်ကို ဟင်းခတ်ရွက် အဖြစ် အသုံးပြုစားသောက်ကြ၏။ ကန့်ချုပ်ဖြူသည် အစာအိမ်နှင့် ပတ်သက်သော နှာစေး၊ ချောင်းဆိုး နှင့် ပိုးကြောင့်ဖြစ်သော ရောဂါများ ကို နိုင်နင်းသော အာနိသင်ရှိ၏။ ကန့်ချုပ်နက်မှာမူ လွန်စွာ ရှားပါးသော ဆေးပင်မျိုးဖြစ်လေ၏။ ကန့်ချုပ်ဖြူ၊ ကန့်ချုပ်နီနှင့် ကန့်ချုပ်နက်တို့ကိုမူ ဆေးအဖြစ် အသုံးပြုကြ၏။

ကန့်ချုပ် ဖြူအမြစ်၊ အရွက်နှင့် ပင်စည်တွင် ဓာတုဒြပ်ပေါင်းများအဖြစ် Plumbagin, fixed oil and volatile oil, minty, pungent and toxic တို့ ပါဝင်ကြောင်းတွေ့ရှိရလေ၏။ ကန့်ချုပ် ဖြူပင်ကို ဆေးဖက်၌ အောက်ပါ အတိုင်း အသုံးပြုကြောင်း ဖော်ပြလို ပေ၏။

ဝမ်းကိုက်ရောဂါ

ကန့်ချုပ်ဖြူအမြစ်ခေါက်ပြုတ် ရည်နှင့်အတူ ထောပတ်ကို သောက် ခဲ့သော် ဝမ်းကိုက်ရောဂါ သက်သာ ပျောက်ကင်းစေ၏။ အဆစ်ရောင်ကိုက်ခြင်း ကန့်ချုပ်ဖြူအမြစ်ခေါက်မှုန့်ကို ပင် အနာစည်းဆေးပြုလုပ်၍ ရောဂါ ဖြစ်ရာ၌ ၁၅ မိနစ်ကြာအောင် စည်းထားပေးပါက အဆစ်ရောင်ခြင်း သက်သာပျောက်ကင်းစေ၏။

ခံတွင်းမကောင်း၊ နှုတ်မမြိန်ခြင်း

အဖျားပျောက်ကင်းပြီးစ ခံတွင်း မကောင်း၊ နှုတ်မမြိန်ခြင်းအတွက် ကန့်ချုပ်ဖြူအရွက်ကို ဟင်းချိုချက်၍အဖုပေါက်လာမှ ခွာပစ်သော် အနာ ဖေးများကွာသည်နှင့် တစ်ပြိုင်နက် အနာများလည်း သက်သာပျောက် ကင်းလေ၏။ နို့နှင့်တူသော ကန့်ချုပ် ဖြူပင်အစေးကို သုတ်လိမ်းပေးခြင်း ဖြင့် ဝဲခြောက်နှင့် ပြည်တည်နာများကို သက်သာပျောက်ကင်းစေနိုင်၏။ အရေပြားတွင် ဖြစ်သည့် အဖြူကွက်၊ အညိုကွက်စသည့် အကွက်များပေါ် တွင် ကန့်ချုပ်ဖြူ အမြစ်ခေါက် ကို ရေနှင့်သွေး လိမ်းလျှင် သက်သာစေ နိုင်၏။

လိပ်ခေါင်း၊ မြင်းသရိုက်ရောဂါ

ကန့်ချုပ်ဖြူအမြစ်ခေါက်မှုန့်ကို ပုန်းရည် သို့မဟုတ် ဒိန်ရည်နှင့် သောက်ပေးပါက လိပ်ခေါင်း၊ မြင်း သရိုက်ရောဂါ သက်သာ ပျောက်ကင်း စေနိုင်၏။

ချောင်းဆိုးခြင်း နှာရည်ယိုခြင်း

ကန့်ချုပ်ဖြူ အမြစ်ခေါက်မှုန့် ကိုရောင်ရမ်းခြင်းတို့ အတွက် အသုံးပြု သည်။ အပူလောင်နာများ၊ မြွေကိုက် ခြင်းများအတွက် ကန့်ချုပ်ဖြူ အရွက် သုံးလေးရွက်ကို အခြားဆေးဖက် များနှင့် ထောင်းထု၍ ၁၅ မိနစ်မျှ အုံစည်းပေးရသည်ဟု ဆေးဖက်ဝင် အပင်များ စာအုပ်၌ တွေ့ရလေ၏။

အိန္ဒိယအာယုဗ္ဗေဒ ဆေးကျမ်း အလိုအားဖြင့် ကန့်ချုပ်ဖြူနှင့် ပတ် သက်၍ အစာအိမ်နာကုဆေး၊ လေဆေး၊ သွေးညှိဆေး၊ ဝမ်းကိုက် ပျောက်ဆေး၊ အရောင်ကျဆေး၊ လိပ်ခေါင်း၊ လေရှူပြွန်ရောဂါ၊ လေသလိပ်ကြောင့် ဖြစ်သော ယားယံ နာ၊ အသည်းရောဂါ၊ ရေဖျဉ်း၊ သွေးအားနည်းရောဂါတို့တွင် အသုံး ပြုလေ့ရှိပါကြောင်း လေ့လာတင်ပြ လိုက်ရပေသတည်း။

မိုးကုတ်ဦးကျော်စိန် (ဖြူစင်မေတ္တာ)