မြန်မာပြည်မှာ ထူးခြားသော အပင် သူ့အရွက်ထိပ်မှာ ဆူးတစ်ချောင်းထွက်၍ အရွက်အစိမ်းအတိုင်း ရေနွေးဆူဆူထဲ ထည့်ပြီး သုံးမိနစ်လောက် အကြာမှာ ပူပူလေးမှုတ်သောက်ပါ။ အပူအကြိတ် မြစ်ပွားနာ အသည်းရောဂါ သားအိမ်ကင်ဆာ ကိုယ်တွင်းကိုယ်ပ အနာကင်ဆာမျာိး့ မဖြစ်အောင်ကာကွယ်ပေးသော ဆေးကောင်းဖြစ်ပါသည်။ အကယ်၍ ထိုကင်ဆာရောဂါများဖြစ်နေပါက အမြန်ဆုံးထိထိရောက်ရောက် လျင်မြန်စွာသက်သာစေပါသည်။ စွဲစွဲမြဲမြဲ ယုံယုံကြည်ကြည်သောက်သုံးလျှင် ကင်ဆာ နှင့် အသည်းရောဂါ ပျောက်ကင်းသွားစေပါလိမ့်မည်။
အပူပိုင်ဒေသ အထူးသဖြင့် ပုဂံမြို့ဟောင်း၏ ထုထည်အကြီးဆုံးဓမ္မံရံကြီးစေတီ အရှေ့ဖက် မြေနီလမ်းမဘေး၌ များစွာတွေ့မြင်နိုင်ပါသည်။ မိုးနဲကြီးပင် လို့ဆေးနည်းပေးသူ ညောင်ဦးသား သမားတော်ဦးနေဝင်းက ပြောကြားခဲ့ပါသည်။ စာရေးသူမေတ္တာရပ်ခံတောင်းပန်လွန်း နားပူနားဆာတိုက်လွန်းသောကြောင့် မေတ္တာတရားအကျိုးတော်ကြောင့် ရရှိခဲ့သော အလွန်အစွမ်းထက်သော ကိုယ်တိုင်သောက်သုံးလျက်ရှိသော တန်ဖိုးမဖြတ်နိုင်သော နန်တွင်းဆေးနည်းတလက်အား ပေးဝေမျှသူက သူ၏မိဘ ဘိုးဘွား ဘီဘင်တို့ရဲ့လက်ဆင့်ကမ်း အမွေကို ဖွင့်ဟပြောကြားခဲ့သဖြင့် ယခုလို ပရိတ်သတ်များရရှိခဲ့တာပါ။ မိမိကိုယ်တိုင်ဓာတ်ပုံရိုက်ယူခဲ့သော မိုးနဲကြီးအပင်ကိုတွေ့မြင်နိုင်ပါသည်။
No comments:
Post a Comment